တိုင်းကျော် ကွန်ပျူတာသင်တန်း နှင့် ကွန်ပျူတာ ၀န်ဆောင်မှုလုပ်ငန်းမှ နွေးထွေးစွာကြိုဆိုပါတယ်

အားလုံးကို အထူးပင်ကျေးဇူးတင်ပါတယ်

မြန်မာစံတော်ချိန်

Friday, August 9, 2013

Windows 8's File History အကြောင်း

အရမ်းကို အသုံးဝင်တဲ့ Features လေးတစ်ခုပါ

အသုံးပြုနေတဲ့စက်လေး တစ်ခုခုဖြစ်ခဲ့ရင် (virus)ကြောင့်ဖြစ်ဖြစ် windows အသစ်ပြန်တင်သူတိုင်း စိတ်ညစ်ရတာက C:( Winodws တင်ထားတဲ့လမ်းကြောင်းထဲက Libraries, Desktop, Favorites, and Contacts folders ထဲက ) data တွေကို ပြန်ယူဖို့ အာရုံနောက်ရတာပါဘဲ ဒီအတွက် windows 8 ရဲ့ File History က ဒီအခက်အခဲကို ရှင်းပေးလိုက်ပါပြီ။။ File History ကို Network ကနေ သုံးလို့ရသလို တစ်ခြား External HDD နဲ့
လည်း အသုံးပြုနိုင်ပါတယ် File History ကိုစမ်းဖို့အတွက် External Drive သို့မဟုတ် Secondary Drive လိုအပ်ပါတယ်။ အစမ်းသဘောနဲ့ဆိုရင် Memory Stick နဲ့လည်း စမ်းနိုင်ပါတယ်

Step1 -------> Control Panel  > File Histroy >

External HDD သို့ Secondary Drive မရှိသူများက ဒီလို Error လေးကျနိုင်ပါတယ် ဒါဆို Network ပေါ်က သုံးရင် သုံးမသုံးရင် memory stick နဲ့ စမ်းနိုင်ပါတယ်။

 Step2-------> Turn Off ဖြစ်နေပါက Turn On ပေးပါ ပြီးရင် Run Now ဆိုတာလေး Click လိုက်ပါ။

ဒါဆို ကိုယ့်သိမ်းထားတဲ့ Drive ထဲတွင် File History ဆိုတာ ရောက်သွားပါလိမ့်မယ် ဒီအချိန် Windows  တစ်ခုခု Error ဖြစ်လို့ အသစ်တင်ရမယ်ဆိုရင်တောင် Data တွေအလွယ်တကူပြန်ရနိုင်ပါပြီ

အားလုံးကို အစဉ်လေးစားလျက်
တိုင်းကျော်

No comments:

Post a Comment