တိုင်းကျော် ကွန်ပျူတာသင်တန်း နှင့် ကွန်ပျူတာ ၀န်ဆောင်မှုလုပ်ငန်းမှ နွေးထွေးစွာကြိုဆိုပါတယ်

အားလုံးကို အထူးပင်ကျေးဇူးတင်ပါတယ်

မြန်မာစံတော်ချိန်

Friday, August 9, 2013

လေးစားသော ICT နည်းပညာရပ်အတွက် အကြံပေးဆွေးနွေးခြင်း

windows7 ကိုသုံးနေတဲ့သူများကို တစ်ခုလောက်အကြံဥာဏ်ပေးချင်တာပါ  ဆရာလုပ်ခြင်းမဟုတ်ပါ။
ခုဆို windows 8 ဆိုတာ ထွက်ပေါ်လာပါပြီ အသုံးပြုသူက ကွန်ပျူတာနဲ့ပတ်သက်ပြီး အနည်းအကျဉ်းသိထားသူဖြစ်မယ်ဆိုရင် အစမ်းသုံးစေချင်ပါတယ် ဘာဖြစ်လို့လဲဆိုရင် ခုမြန်မာနိုင်ငံတွင် softwares တွေအတွက် licence ဆိုတာ ဘာမှမသိသေးတာပါ ကြိုက်တဲ့အခွေကို ၀ယ် တစ်ခွေ တစ်ထောင် ငါးရာ အစသဖြင့်ပေါ့ တစ်ချို့လည်း လိုင်စင်နဲ့ သုံးသူရှိမှာပါ အများစုကတော့ နီးစပ်ရာ ဆိုင် သူငယ်ချင်း/ မိတ်ဆွေတွေဆီက ကူးပြီး အသုံးပြုကြတာများပါတယ်ပြောချင်တာက ဒါက မြန်မာနိုင်ငံက windows ဖြစ်စေ software ဖြစ်စေ တစ်ခြားသူတွေထက် ပိုပြီးလေ့လာခွင့်ရနိုင်တဲ့ အားသာချက်လို့ ပြောလို့ရပါတယ် ဒါကို အားသာချက်ပြောလို့ သူခိုးအားပေးလို့ ပြောရင်လည်း ခံရမှာပါဘဲ ဘာလို့လည်းဆိုရင် လိုင်စင်ဆိုတာကို ဒိမှာတရားဝင် ဈေးကြီးလို့ မ၀ယ်သုံးနိုင်ပါ ခုစာရေးသူကိုယ်တိုင်လည်း မသုံးနိုင်ပါ။ ကဲပါ လိုင်စင်အကြောင်းပြောရင်းနဲ့ လိုရင်းပျောက်တော့မယ် :P


ဖြစ်နိုင်ရင် windows 7ကနေ windows 8 ကို Upgradeလုပ်ကြည့်ပါ windows 8မှာ features အသစ်တွေပါလာပါတယ် ကိုယ်က အလကားသုံးရတာဘဲ သုံးကြည့်ပါ ခုဆို windows 8.1 preview တွေတောင် ထွက်နေပါပြီ windows 8 က သုံးရတာ အားလုံးအဆင်ပြေပါတယ် games တွေ software တွေရော အဆင်ပြေပါတယ် ( တစ်ချို့ အဆင်မပြေသူများလည်း errorများကို ဆွေးနွေးနိုင်ပါတယ်) သူမှာ အဆင်မပြေတာက user တွေနဲ့ သိပ်မရင်းနှီးတဲ့ design ဖြစ်နေတာလေးတစ်ခု/ နောက်တစ်ခုက .Net Error လေးကျတာပါ ခုစာရေးသူကိုယ်တိုင်လည်း ဒီ error အတွက် windows8 ကိုအရင်က တော်တော်လေး စိတ်ပျက်ခဲ့မိပါတယ် ဘာ software သုံးသုံး .Net ကို Install လုပ်ခိုင်းပါတယ် အင်တာနက်က ဒေါင်းပြီးလုပ်လည်း မရဘူးချည်းပြောနေတော့ နောက်တော့ ဒီ error ကိုလည်း ( .Net Error ကိုဖြေရှင်းခြင်း တွင်ကြည့်ရှုကြည့်ပါ) ဖြေရှင်းလို့ ရသွားပါတယ် ဒီ error ဖြေရှင်းပြီး နောက်ပိုင်း တစ်ခြား softwares တော်တော်များများလည်း အသုံးပြုနိုင်ပါတယ် ဒီအတွက် သုံးကြည့်ပါ ကိုယ်စက်က အိမ်သုံးစက် (Personal Computer)ဖြစ်မယ် server နဲ့မချိတ်ဆက်ထားဘူးဆိုရင်တော့ windows 8ကို အသုံးပြုစေချင်ပါတယ် စာရေးသူရဲ့ ကျေးဇူးရှင်ဆရာ တစ်ယောက် (UAZM) ပြောဖူးတာလေး သတိရမိပါတယ် မြန်မာနိုင်ငံ ကသူများတွေထက် တစ်ခြားအရာတွေမှာ အားလုံးနောက်ကျချင်နောက်ကျလိမ့်မယ် နည်းပညာ ( ICT Technology )နဲ့ ပတ်သက်ရင်တော့ ဘယ်တော့မှ မနောက်ကျဘူးဆိုတဲ့ စကားလေးတစ်ခွန်း သိပ်ကို တန်ဖိုးရှိပြီး အားတက်ဖို့ကောင်းပါတယ်

အနှစ်ချူပ်ပြီးပြောချင်တာကတော့ Windows 8 ကဲ့သို့ တစ်ခြားနိုင်ငံများက ကောင်းနိုးရာရာ Software များကို Crack သုံးနိုင်တဲ့အချိန်လေးမှာ များများလေ့လာပြီး ရရှိလာတဲ့ Error များကို Facebook Groupများ မြန်မာ ICT websites များတွင် sharing လုပ်ရင်းဖြင့် မြန်မာနိုင်ငံမှ ICT သားများအားလုံး နည်းပညာများ အစဉ်တစိုက်တိုးတက်နိုင်ပါစေလို့ ဆုတောင်းလျက်

အားလုံးကို အစဉ်လေးစားလျက်
တိုင်းကျော်

No comments:

Post a Comment