တိုင်းကျော် ကွန်ပျူတာသင်တန်း နှင့် ကွန်ပျူတာ ၀န်ဆောင်မှုလုပ်ငန်းမှ နွေးထွေးစွာကြိုဆိုပါတယ်

အားလုံးကို အထူးပင်ကျေးဇူးတင်ပါတယ်

မြန်မာစံတော်ချိန်

Tuesday, August 27, 2013

Laptop ကို ကြာရှည်ခံပြီး လုံခြုံစိတ်ချစေရန် နည်းလမ်းများ



Laptop ကို ကြာရှည်ခံပြီး လုံခြုံစိတ်ချစေရန် နည်းလမ်းများ
Step 1
သင့်ရဲ့ laptop ကို password နဲ့ protect လုပ်ထားပါ။ ဒီလို ကာကွယ်ထားခြင်းကြောင့် သင့်ရဲ့ အရေးကြီးတဲ့ dataတွေ၊ files တွေကို သင်တစ်ယောက်ထဲသာ access ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အခါအားလျှော်စွာ သင့်ရဲ့ password ကိုအပြောင်းအလဲပြုလုပ်ပေးပါ။ သင်ဟာ firewall, antivirus, antispyware software တွေကို internet security အတွက်အသုံးပြုသင့်ပါတယ်။

Step 2
သင်ဟာ ခရီးသွားလာစဉ်မှာ သင့်ရဲ့ laptop ကို အထူးစောင့်ရှောက်ဖို့လိုပါတယ်။ လေဆိပ်တွေ၊ ကားဂိတ်တွေမှာပိုပြီးသတိထားသင့်ပါတယ်။ သင်ဟာ hotel မှာတည်းခိုမယ်ဆိုရင် သင့်ရဲ့ laptop ကို hotel safe မှာ lock upပြုလုပ်ထားသင့်ပါတယ်။ ဒီလို ခရီးထွက်မယ်ဆိုရင် သင့်ရဲ့အရေးကြီးတဲ့ files တွေကို
back up ပြုလုပ်ထားသင့်ပါတယ်။

Step 3
သင့်ရဲ့အရေးကြီးတဲ့ files တွေ၊ folders တွေကို encrypt ပြုလုပ်ပြီး ကာကွယ်ထားနိုင်ပါတယ်။ Window XP နဲ့Window Vista မှာ built-in encrytion တွေပါဝင်တဲ့အတွက် သင့်ရဲ့ files တွေကို လုံခြုံစိတ်ချစွာကာကွယ်ထားနိုင်ပါတယ်။

Step 4

သင့်ရဲ့ laptop ဟာ ဘယ်နေရာမှာရှိနေတယ်ဆိုတာ monitor လုပ်နိုင်တဲ့ program တွေကိုထည့်သွင်းထားသင့်ပါတယ်။ တကယ်လို့ သင့်ရဲ့ laptop ဟာ အခိုးခံရရင်တောင် ဒီလို program တွေထည့်ထားခြင်းအားဖြင့် အလွယ်တကူ trace လိုက်နိုင်မှာဖြစ်ပါတယ်။

Step 5
Keyboard protector ကိုအသုံးပြုပြီး သင့်ရဲ့ laptop keyboard ကို အမှိုက်သရိုက်နဲ့ ဖုန်တွေ မရှိအောင်ကာကွယ်သင့်ပါတယ်။ ဒါပေမဲံ့  Keypad Protector ဟာ မကောင်းတာတွေရှိပါတယ်။ Keypad Protector လေးတပ်ခြင်းအားဖြင့် Laptop Keypad ဟာ အပူလွန်ကဲလာပြီး Electric Fieldများတွင် လျှပ်စစ်ပတ်လမ်းကြောင်းကို ပျက်စီးစေပါတယ်။ ဒါကြောင့် Keypad Protector ကို အသုံးပြုခြင်းဖြင့် Keypad ရဲ့ သုံးစွဲနိုင်မှု့ သက်တမ်းကိုတိုစေပါတယ်။

Step 6
Screen protector ကိုအသုံးပြုပြီး laptop ရဲ့ screen ကို ကာကွယ်နိုင်ပါတယ်။ screen protector ဟာ screenတစ်ခုလုံးကို လုံခြုံအောင်ဖုံးအုပ်နိုင်ဖို့အတွက် size နဲ့ measurements ကို ဂရုစိုက်ပြီး ၀ယ်ယူ သင့်ပါတယ်။

Step 7
သင့်ရဲ့ laptop ကို laptop case, laptop sleever (သို့) laptop cover စတာတွေ ထဲမှာ အမြဲတမ်း
ထည့်ထားသင့်ပါတယ်။ laptop ရဲ့ အပူချိန်ကို လျှော့ချနိုင်ဖို့အတွက်လည်း cooling fan ကို သုံးစွဲသင့်ပါတယ်။

Step 8
Laptop cleaning kit ကို အသုံးပြပြီး laptop မျက်နှာပြင်၊ screen နဲ့ keyboard တွေမှာ ဖုန်မရှိအောင်အမြဲသန့်ရှင်းပေးသင့်ပါတယ်။
Laptop ဟာ နေရာအနှံ့သယ်ယူသွားနိုင်မှု့ ကြောင့် Desktop ထက်ပိုပြီး အသုံးပြုမှု့ များလာပေမဲ့  Performance အပိုင်းမှာတော့ Desktop လောက်မကောင်းမွန်ပါဘူး။ ဒါကြောင့် Laptop ကို အထက်ဖော်ပြပါနည်းလမ်းများအတိုင်း ထိန်းသိမ်းခြင်းအားဖြင့် ကြာရှည်ခံပြီး စွမ်းဆောင်ရည်ကိုလည်း အပြည့် အ၀ ရရှိမှာဖြစ်ပါတယ်။

Ref:: anonymous 

အားလုံးကို အစဉ်လေးစားလျက်
တိုင်းကျော်

No comments:

Post a Comment