Motherboard ဘာကြောင့် ပျက်ရတာလဲ။
ကွန်ပျူတာ တစ်လုံးမှာ Motherboard
ဆိုတာဟာလည်း မရှိမဖြစ်အသုံးပြုရတဲ့ အစိတ်အပိုင်းကြီးတစ်ခုပဲ ဖြစ်တယ်။ ဒီ
ကွန်ပျူတာမှာ Motherboard မရှိရင် ဘာမှလုပ်လို့ ဖြစ်မှာမဟုတ်ပါဘူး။
အဲ့ဒီ ကွန်ပျူတာမှာ သိပ်ကိုအရေးပါတဲ့
Motherboard ဟာ တစ်ခုခုကြောင့် ချို့ယွင်းချက်တစ်စုံတစ်ရာရှိလာပြီဆိုရင်
ကွန်ပျူတာဟာ ကောင်းကောင်းအလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ ဒီလို အရေးကြီးတဲ့
Motherboard ကို မပျက်စီးအောင် ထိန်းသိမ်းသင့်တာက ကွန်ပျူတာ အသုံးပြုနေသူ
အားလုံးအတွက် အရေးကြီးတဲ့အချက် တစ်ခုဖြစ်တယ်။ အဲ့လိုမျိုး Motherboard ကို
မပျက်အောင် ထိန်းသိမ်းနိုင်ဖို့ရန်အတွက်ဆိုရင်တော့ ဘာလုပ်ရမလဲ။ Motherboard ကို
မပျက်အောင် ထိန်းသိမ်းဖို့အတွက်ပါ ဆိုမှတော့ ဒီ Motherboard ဟာ ဘာတွေကြောင့်
ပျက်တတ်တယ် ဆိုတာကို သိထားမှ အဲ့ဒီ ပျက်တတ်တဲ့ အကြောင်းအရာလေးတွေကို ရှောင်သင့်ရင်ရှောင်ရမယ်လေ။
ဒါမမဟုတ် ဂရုစိုက်ရမယ်။ ဒါမှလည်း ကိုယ့်အိမ်က အသုံးပြုနေသော ကွန်ပျူတာ Motherboard
ကို မပျက်စီးအောင်
ထိန်းသိမ်းနိုင်မှာပေါ့။ ဟုတ်ပြီ။ ဒါဆိုရင် Motherboard မပျက်အောင် ထိန်းသိမ်းနိုင်ဖို့အတွက် Motherbaord ကို ပျက်စေတတ်သော အကြောင်းအရာလေးတွေကို အရင်သိထားသင့်တယ် မဟုတ်လား။ ဒီတော့ Motherboard ကို မပျက်စီးအောင်၊ မပျက်ယွင်းအောင်အတွက် Motherboard ကို ပျက်စီးစေတတ်သော အကြောင်းလေးတွေကို အရင်ဆုံးပြောပြချင်ပါတယ်။
ထိန်းသိမ်းနိုင်မှာပေါ့။ ဟုတ်ပြီ။ ဒါဆိုရင် Motherboard မပျက်အောင် ထိန်းသိမ်းနိုင်ဖို့အတွက် Motherbaord ကို ပျက်စေတတ်သော အကြောင်းအရာလေးတွေကို အရင်သိထားသင့်တယ် မဟုတ်လား။ ဒီတော့ Motherboard ကို မပျက်စီးအောင်၊ မပျက်ယွင်းအောင်အတွက် Motherboard ကို ပျက်စီးစေတတ်သော အကြောင်းလေးတွေကို အရင်ဆုံးပြောပြချင်ပါတယ်။
အခုပြောမယ့် Motherboard ကို ပျက်စီးစေတတ်သော အကြောင်းလေးတွေက ယေဘုယျ ဖြစ်တတ်တဲ့အကြောင်းအရာတွေကို ပြောမှာဖြစ်ပါတယ်။ အများအားဖြင့်တော့ အခုပြောမယ့် အချက်တွေကြောင့် Motherboard တွေဟာ ပျက်တတ်ပါတယ်။
ပြောရမယ်ဆိုရင် Motheboard တွေဟာ
ဖုန်တွေကြောင့်လည်း ပျက်တတ်ပါတယ်။ တစ်ချို့တွေက ဖုန်တွေကြောင့်ပဲ ကွန်ပျူတာ
Motherboard ကို ပျက်စီးစေတတ်သလားလို့ ထင်ချင်ထင်ကြလိမ့်မယ်။ ပျက်တတ်တာပေါ့။
ဖုန်တွေကြောင့် Motherboard ကို ပျက်စီးစေတတ်တာပေါ့။ ကွန်ပျူတာကို အသုံးပြုတာ
ကြာလာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ ဖုန်တွေ ၀င်တတ်ပါတယ်။ မိမိကတော့ သုံးလို့ရနေတာပဲ
ကောင်းနေတာပဲ ဆိုပြီးတော့ အဲ့ဒီ ဖုန်တွေကြောင့် Motherboard ပေါ်မှာရှိသော Device
တွေ၊ အစိတ်အပိုင်းတွေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာကို ဖုန်တွေဝင်ရင်
မကြာခဏလေး ကွန်ပျူတာ Casing ဖုံးကိုဖွင့်ပြီး Blower လေးဖြင့်
မှုတ်ပေးလိုက်ခြင်းအားဖြင့် ဖုန်တွေကို သန့်စင်စေနိုင်ပါတယ်။ ဒါဆိုရင် Motherboard
ကိုပျက်စီးခြင်းမှ ကာကွယ်စေနိုင်ပါတယ်။
စိုထိုင်းမှု့ကြောင့်လည်း ကွန်ပျူတာ Motherboard ကို ပျက်စီးစေနိုင်ပါတယ်။ မိုးရာသီတွေမှာဆိုရင် ကွန်ပျူတာကို ရေငွေ့ရိုက်မှုကြောင့် စိုထိုင်းမှု့တွေ ဖြစ်တတ်တယ်။ အဲ့ဒီရေငွေ့တွေက Motherboard ပေါ်မှာရှိသော အစိတ်အပိုင်းတွေ၊ Device တွေကို စိမ့်ဝင်ပြီးတော့ Device တွေရဲ့ Performance ကို ထိခိုက်စေပါတယ်။ ဒါကြောင့် မိုးရာသီတွေမှာ ဆိုရင် ကွန်ပျူတာ Motherboard ကို ရေငွေ့ရိုက် စိုထိုင်းမှု့ မရှိရလေအောင် ဂရုစိုက်သင့်ပါတယ်။ ကွန်ပျူတာ ကို ရေစိုတာတွေဘာတွေ မဖြစ်အောင် ပြတင်းပေါက်နားမှာ ထားခြင်းတို့ကို ရှောင်သင့်ပါတယ်။
နောက်ပြီး Electrostatic ကလည်း ကွန်ပျူတာရဲ့ Motherboard ကို ပျက်စီးနိုင်တဲ့အကြောင်း တစ်ရပ်ဖြစ်တယ်။ ဆိုလိုတာက လူတွေဟာ လမ်းလျှောက်တဲ့အခါမှာ ကြမ်းပြင်နဲ့ လူရဲ့ ခြေထောက်နဲ့ ထိပြီးတော့ ပွတ်တိုက်မှုကြောင့် Static Charge ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုမျိုး လမ်းလျှောက်ရာကနေ ကွန်ပျူတာ Motherboard ကို ထိကိုင်လိုက်ပြီဆိုရင် အဲ့ဒီ လူ့ခန္ဓာကိုယ်နှင့်
ကြမ်းပြင်ရဲ့ ပွတ်တိုက်မှုကြောင့်
ဖြစ်တတ်တဲ့ Static Charge ဟာ Motherboard ပေါ်က ပစ္စည်းတွေ၊ Capacitor တွေကို
ထိခိုက်ပြီးတော့ Motherboard ကို ပျက်စီးသွားစေတတ်ပါတယ်။
အပြင်ပန်းကြည့်ရင်တော့ ဘာမှမဖြစ်သလိုပါပဲ။
ဒါပေမယ့် တကယ်တမ်းအလုပ်လုပ်တဲ့ အခါမှာတော့ အဲ့ဒီ Motherboard ဟာ
အလုပ်မလုပ်တော့ပါဘူး။
Ref::: anonymous
အားလုံးကို အစဉ်လေးစားလျက်
တိုင်းကျော်
Ref::: anonymous
အားလုံးကို အစဉ်လေးစားလျက်
တိုင်းကျော်
No comments:
Post a Comment