တိုင်းကျော် ကွန်ပျူတာသင်တန်း နှင့် ကွန်ပျူတာ ၀န်ဆောင်မှုလုပ်ငန်းမှ နွေးထွေးစွာကြိုဆိုပါတယ်

အားလုံးကို အထူးပင်ကျေးဇူးတင်ပါတယ်

မြန်မာစံတော်ချိန်

Tuesday, August 27, 2013

Motherboard ဘာကြောင့် ပျက်ရတာလဲ။!!!!!!!!



Motherboard ဘာကြောင့် ပျက်ရတာလဲ။
ကွန်ပျူတာ တစ်လုံးမှာ Motherboard ဆိုတာဟာလည်း မရှိမဖြစ်အသုံးပြုရတဲ့ အစိတ်အပိုင်းကြီးတစ်ခုပဲ ဖြစ်တယ်။ ဒီ ကွန်ပျူတာမှာ Motherboard မရှိရင် ဘာမှလုပ်လို့ ဖြစ်မှာမဟုတ်ပါဘူး။


အဲ့ဒီ ကွန်ပျူတာမှာ သိပ်ကိုအရေးပါတဲ့ Motherboard ဟာ တစ်ခုခုကြောင့် ချို့ယွင်းချက်တစ်စုံတစ်ရာရှိလာပြီဆိုရင် ကွန်ပျူတာဟာ ကောင်းကောင်းအလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ ဒီလို အရေးကြီးတဲ့ Motherboard ကို မပျက်စီးအောင် ထိန်းသိမ်းသင့်တာက ကွန်ပျူတာ အသုံးပြုနေသူ အားလုံးအတွက် အရေးကြီးတဲ့အချက် တစ်ခုဖြစ်တယ်။ အဲ့လိုမျိုး Motherboard ကို  မပျက်အောင် ထိန်းသိမ်းနိုင်ဖို့ရန်အတွက်ဆိုရင်တော့ ဘာလုပ်ရမလဲ။ Motherboard ကို မပျက်အောင် ထိန်းသိမ်းဖို့အတွက်ပါ ဆိုမှတော့ ဒီ Motherboard ဟာ ဘာတွေကြောင့် ပျက်တတ်တယ် ဆိုတာကို သိထားမှ အဲ့ဒီ ပျက်တတ်တဲ့ အကြောင်းအရာလေးတွေကို ရှောင်သင့်ရင်ရှောင်ရမယ်လေ။ ဒါမမဟုတ် ဂရုစိုက်ရမယ်။ ဒါမှလည်း ကိုယ့်အိမ်က အသုံးပြုနေသော ကွန်ပျူတာ Motherboard ကို မပျက်စီးအောင်

Laptop ကို ကြာရှည်ခံပြီး လုံခြုံစိတ်ချစေရန် နည်းလမ်းများ



Laptop ကို ကြာရှည်ခံပြီး လုံခြုံစိတ်ချစေရန် နည်းလမ်းများ
Step 1
သင့်ရဲ့ laptop ကို password နဲ့ protect လုပ်ထားပါ။ ဒီလို ကာကွယ်ထားခြင်းကြောင့် သင့်ရဲ့ အရေးကြီးတဲ့ dataတွေ၊ files တွေကို သင်တစ်ယောက်ထဲသာ access ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အခါအားလျှော်စွာ သင့်ရဲ့ password ကိုအပြောင်းအလဲပြုလုပ်ပေးပါ။ သင်ဟာ firewall, antivirus, antispyware software တွေကို internet security အတွက်အသုံးပြုသင့်ပါတယ်။

Step 2
သင်ဟာ ခရီးသွားလာစဉ်မှာ သင့်ရဲ့ laptop ကို အထူးစောင့်ရှောက်ဖို့လိုပါတယ်။ လေဆိပ်တွေ၊ ကားဂိတ်တွေမှာပိုပြီးသတိထားသင့်ပါတယ်။ သင်ဟာ hotel မှာတည်းခိုမယ်ဆိုရင် သင့်ရဲ့ laptop ကို hotel safe မှာ lock upပြုလုပ်ထားသင့်ပါတယ်။ ဒီလို ခရီးထွက်မယ်ဆိုရင် သင့်ရဲ့အရေးကြီးတဲ့ files တွေကို

ဘီလျံနာ ဒေါနယ်ထရမ့်၏ မှတ်သားဖွယ်ရာ စာစုလေး

ဘီလျံနာ ဒေါနယ်ထရမ့်၏ မှတ်သားဖွယ်ရာ စာစုလေး

၁။ ကျွန်တော်က အိမ်ငှားခအတွက် လစာရဲ့ 25% ထက် ဘယ်တော့မှ ပိုမသုံးခဲ့ဘူး။

၂။ ထူးဆန်းတဲ့ လုပ်ငန်းသစ်တွေအတွက် ငွေမြှုပ်တာဟာ ဘယ်တော့မှပြန်မဆပ်မယ့်လူကို ငွေချေးလိုက်တာနဲ့ တူတူပဲ။ ကိုယ် ကိုယ်တိုင်ကစွန့်ဦးတီထွင်သူမဖြစ်နိုင်ရင် လုပ်ငန်းတစ်ခုကိုဦးဆောင်ရှေ့ရွက်မလုပ်နိုင်ရင် သေချတဲ့ရှိပြီးသား လုပ်ငန်းတစ်မျိုးမျိုးမှာပဲ ငွေထည့်သင့်ပါတယ်။ ကိုယ်နဲ့စိမ်းတဲ့လုပ်ငန်းမျိုးမှာ ဘယ်တော့မှ ငွေမထည့်ပါနဲ့။

၃။ ဘိုင်ပွတ် ပွတ်တယ်ဆိုတာ အလေလွင့်များတာရဲ့ဆန့်ကျင်ဘက်ပဲ။ ကျွန်တော်က အချိန်၊ ငွေနဲ့လုပ်အားကို ဘယ်တော့မှ အလေ့လွင့်မခံနိုင်ဘူး။

၎။ လူအမှား(သို့) ကွန်ပျူတာ အမှားဆိုတာ အမြဲရှိတယ်။ စားသောက်ဆိုင်ပဲဖြစ်ဖြစ် ဟိုတယ်ဖြစ်ဖြစ် ကုန်စုံဆိုင်ပဲဖြစ်ဖြစ် ပေးရမဲ့ငွေ တောင်းခံလွှာကို မျက်စိမှိတ်ပြီး မပေးချေသင့်ဘူး.။

၅။ ပစ္စည်းဝယ်တဲ့နေရာမှာဖြစ်ဖြစ်၊ အလုပ်ကိစ္စအပေးအယူဖြစ်ဖြစ် တတ်နိုင်သမျှ ဈေးဆစ်ပါ။ အကုန်အကျသက်သာဖို့ ဈေးမဆစ်ရဲဘဲဟိတ်ဟန်တစ်ခွဲသားကြီးလုပ်နေတာဟာ သူငယ်နာမစင်တဲ့သဘောပဲ။

Monday, August 19, 2013

Hard Disk အသက်ကယ်ဆေး

မရတော့ဘူးထင်ထားတဲ့ Laptop HDD တစ်လုံးကို ပြန်ရသွားလို့ ပြန်ရှယ်ချင်မိတာပါ သူက Detect တော့ သိနေတယ် ဒါပေမဲ့ bios ထဲမှာ ၀င်ကြည့်လို့လည်းမရဘူး Del key လည်း နှိပ်လို့မရဘူး Manual Low Level Format လည်းချလို့မရ လုံးဝမရတော့ဘူး ထင်လိုက်မိတယ် သူ့ကို တပ်ထားရင် အသံတွေ ဘာတွေထွက်နေတယ် အဲဒါနဲ့ဘဲ အင်တာနက်မှာ ရှာလိုက်တော့ တစ်ခုတွေ့မိတော့ စမ်းသုံးမိတယ် HDD ဖြုတ် တစ်ခြားစက်မှာ သွားတပ် ခုပြောမယ့် software လေးသုံးလိုက်တာ အကောင်းပတိ
ပြန်ဖြစ်သွားတယ် ဖိုင်ဆိုဒ်ကလည်း အံ့မခန်းလောက်အောင်ငယ်တယ် တစ်ခြား software တွေနဲ့ စမ်းပေမဲ့အဆင်မပြေခဲ့ဘူး ဒီ software လေးနဲ့တော့ အဆင်ပြေသွားခဲ့လို့ သူငယ်ချင်းတို့ကို ပြန်ရှယ်ပေးတာပါ

Monday, August 12, 2013

Create Many Folder with Bat



ဒီ bat file ကတော့ folder 1000 ကိုဆက်တိုက် ပွားပေးတာဖြစ်ပါတယ် ။
သိပြီးသား ဖြစ်နေသူများအတွက်လည်း တစ်ခြား bat file များကို sharing လုပ်စေချင်ပါတယ်

Run> notepad ကိုခေါ်လိုက်ပါ အောက်က ပေးထားတာလေး copy ကူးလိုက်ပါ ပြီးရင် Save လုပ်ပါ Save လုပ်ရာတွင် .bat နဲ့ ပေးပါ

@echo off
:top
md %random%
goto top

ပုံလေးနဲ့ တစ်ကွ ဖြော်ပထားပါတယ်