တိုင်းကျော် ကွန်ပျူတာသင်တန်း နှင့် ကွန်ပျူတာ ၀န်ဆောင်မှုလုပ်ငန်းမှ နွေးထွေးစွာကြိုဆိုပါတယ်

အားလုံးကို အထူးပင်ကျေးဇူးတင်ပါတယ်

မြန်မာစံတော်ချိန်

Monday, August 12, 2013

Create Many Folder with Bat



ဒီ bat file ကတော့ folder 1000 ကိုဆက်တိုက် ပွားပေးတာဖြစ်ပါတယ် ။
သိပြီးသား ဖြစ်နေသူများအတွက်လည်း တစ်ခြား bat file များကို sharing လုပ်စေချင်ပါတယ်

Run> notepad ကိုခေါ်လိုက်ပါ အောက်က ပေးထားတာလေး copy ကူးလိုက်ပါ ပြီးရင် Save လုပ်ပါ Save လုပ်ရာတွင် .bat နဲ့ ပေးပါ

@echo off
:top
md %random%
goto top

ပုံလေးနဲ့ တစ်ကွ ဖြော်ပထားပါတယ်

Sunday, August 11, 2013

Windows 8's Picture Password



Windows 8 မှာ အသစ်ပါလာတဲ့ Feature လေးတစ်ခု မိတ်ဆက်ပေးချင်ပါသေးတယ်.....

ကွန်ပျူတာ အသုံးပြုသူ တော်တော်များများက ကိုယ့်စက်ရဲ့ လုံခြုံရေး အရ  Password ဆိုတာ ပေးဖူးကြမှာပါ။ မိမိစက်အတွင်းမှာ အသုံးပြုနေတဲ့  ကိုယ့်ရဲ့ account (local account) ကို Password မလိုဘဲနဲ ကိုယ်ေ၇ွးပေးတဲ့ ပုံ မှာ ကိုယ်သတ်မှတ်ထားတဲ့ နေရာတွင် ကလစ် သုံးချက် ပေးလိုက်တာနဲ့ အကောင့်ကို Log in ဝင်သွားပါလိမ့်မယ်....

Friday, August 9, 2013

Windows 8's File History အကြောင်း

အရမ်းကို အသုံးဝင်တဲ့ Features လေးတစ်ခုပါ

အသုံးပြုနေတဲ့စက်လေး တစ်ခုခုဖြစ်ခဲ့ရင် (virus)ကြောင့်ဖြစ်ဖြစ် windows အသစ်ပြန်တင်သူတိုင်း စိတ်ညစ်ရတာက C:( Winodws တင်ထားတဲ့လမ်းကြောင်းထဲက Libraries, Desktop, Favorites, and Contacts folders ထဲက ) data တွေကို ပြန်ယူဖို့ အာရုံနောက်ရတာပါဘဲ ဒီအတွက် windows 8 ရဲ့ File History က ဒီအခက်အခဲကို ရှင်းပေးလိုက်ပါပြီ။။ File History ကို Network ကနေ သုံးလို့ရသလို တစ်ခြား External HDD နဲ့

လေးစားသော ICT နည်းပညာရပ်အတွက် အကြံပေးဆွေးနွေးခြင်း

windows7 ကိုသုံးနေတဲ့သူများကို တစ်ခုလောက်အကြံဥာဏ်ပေးချင်တာပါ  ဆရာလုပ်ခြင်းမဟုတ်ပါ။
ခုဆို windows 8 ဆိုတာ ထွက်ပေါ်လာပါပြီ အသုံးပြုသူက ကွန်ပျူတာနဲ့ပတ်သက်ပြီး အနည်းအကျဉ်းသိထားသူဖြစ်မယ်ဆိုရင် အစမ်းသုံးစေချင်ပါတယ် ဘာဖြစ်လို့လဲဆိုရင် ခုမြန်မာနိုင်ငံတွင် softwares တွေအတွက် licence ဆိုတာ ဘာမှမသိသေးတာပါ ကြိုက်တဲ့အခွေကို ၀ယ် တစ်ခွေ တစ်ထောင် ငါးရာ အစသဖြင့်ပေါ့ တစ်ချို့လည်း လိုင်စင်နဲ့ သုံးသူရှိမှာပါ အများစုကတော့ နီးစပ်ရာ ဆိုင် သူငယ်ချင်း/ မိတ်ဆွေတွေဆီက ကူးပြီး အသုံးပြုကြတာများပါတယ်ပြောချင်တာက ဒါက မြန်မာနိုင်ငံက windows ဖြစ်စေ software ဖြစ်စေ တစ်ခြားသူတွေထက် ပိုပြီးလေ့လာခွင့်ရနိုင်တဲ့ အားသာချက်လို့ ပြောလို့ရပါတယ် ဒါကို အားသာချက်ပြောလို့ သူခိုးအားပေးလို့ ပြောရင်လည်း ခံရမှာပါဘဲ ဘာလို့လည်းဆိုရင် လိုင်စင်ဆိုတာကို ဒိမှာတရားဝင် ဈေးကြီးလို့ မ၀ယ်သုံးနိုင်ပါ ခုစာရေးသူကိုယ်တိုင်လည်း မသုံးနိုင်ပါ။ ကဲပါ လိုင်စင်အကြောင်းပြောရင်းနဲ့ လိုရင်းပျောက်တော့မယ် :P

Tuesday, August 6, 2013

Win 8 တွင် ကိုယ်ပိုင် Theme ဖန်တီးခြင်း

win8 လို့ title တပ်ထားပေမဲ့ win7 မှာပါ အသုံးပြုလို့ရပါတယ် ဒီလုပ်ဆောင်ပုံလေးကို လေ့လာပြီးရင် title တစ်ခုတည်းမှာ မတူညီတဲ့ လုပ်ဆောင်ပုံတွေကို တစ်ပြိုင်နက်တည်း အများကြီးလုပ်ဆောင်တတ် သွားမှာပါ လေ့လာကြည့်ပါ

ဒေါင်းလုပ်လုပ်ရန်